Popular Posts
-
ဝမ်းဗိုက်တနေရာရာမှာ အားနည်းချက်ရှိလာပြီး ဝမ်းတွင်းက အူနဲ့ကလီစာတွေ ထွက်ကျလာတတ်တဲ့ ဒီ ရောဂါဟာ အသက်ကြီးလာသူတွေ၊ ဝမ်းဗိုက်ဖိအားများစေတဲ့ ရောဂါရ...
-
https://my.pcloud.com/publink/show?code=XZWEyVZns8P9LkYUFu6PAzRm7Dg58adeQV0 We Truth Our ...
-
Item Name ---------- Lemon (ရှောက်ပင်) Category ------------ Raw Material Botany Term -------- Citrus medica Linn. var . Limonum Species Fa...
-
မြန်မာနိုင်ငံမှာ ကား၊ ဆိုင်ကယ် တိုက်တာတွေနဲ့ အဆောက်အဦးအမြင့်တွေက ပြုတ်ကျတာကြောင့် ခါး၊ ကျောရိုးတွေ ကျိုးပြီး၊ ခြေလက် အောက်ပိုင်းသေနိုင်တဲ့...
-
ကလေး ဥာဏ်ရည်နောက်ကျမှု မဖြစ်အောင် ကာကွယ်နည်း အများကြီးရှိရာမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးချိန်နဲ့ ကလေးမွေးပြီးချိန် ကာလတွေမှာ အဓိက ဂရုစိုက်ပေ...
-
Item Name -------- Indian Trumpet Flower (ကြောင်လျှာ) Category ----------- Raw Material Botany Term ------- Oroxylum indicun Vent Species F...
-
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသ...
-
လူတွေဟာနေ့စဉ် အစားအစာများကိုစားသုံးကြရာမှာ တချို့ဟာ အစာကိုဗိုက်ပြည့်ရင်ပြီးရော ဘာဖြစ်ဖြစ်စားတတ်ကြသလို တချို့ဟာ မိမိကြိုက်တတ်တဲ့ အဆီ၊ အဆိမ့်...
-
ယနေ့သည် မြန်မာတစ်မျိုးသားလုံးအတွက်မေ့မရနိုင်သည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ အာဇာနည်နေ့တွင် အစိုးရက တရားဝင်အခမ်းအနားဖြင့် အာဇာနည်ေ...
Saturday, June 13, 2015
ဒေါ်လာဈေးကိုင်တွယ်ရေး အရေးပေါ်အစည်းအဝေးမှာ အဖြေမထွက်
အမေရိကန် ဒေါ်လာ နဲ့ လဲလှယ် ရာ မှာ မြန်မာ ငွေ တန်ဖိုး ကျဆင်း နေ ရတဲ့ အခြေ အနေ ကို ကိုင် တွယ် ဖို့ ဇွန် လ ၁၂ ရက် မနေ့ က နေပြည် တော် မှာ ဗဟို ဘဏ် နဲ့ အတူ အစိုးရ ဝန်ကြီး တွေ ၊ ပုဂ္ဂလိ က ဘဏ် တွေ နဲ့ စီးပွားရေး လုပ် ငန်း ရှင် တွေ အရေး ပေါ် စည်းဝေး ခဲ့ ကြ ကြ ပေမယ့် တိတိ ကျကျ အဖြေ မထွက် ခဲ့ ကြ ပါဘူး။
နိုင်ငံပိုင် ဒေါ်လာ တွေ ကို ပုဂ္ဂလိက ဘဏ်တွေ ကနေ တဆင့် မဟုတ်ပဲ ဗဟိုဘဏ် ကနေ တိုက်ရိုက် ရောင်းချ ပေး ဖို့ ကုန်သည် တွေ ဘက် က အစိုးရ ကို အကူအညီ တောင်း ခဲ့တယ် ဆိုပြီး မြန်မာ နိုင်ငံ စက်သုံးဆီ တင်ပို့ ရောင်းချသ များ အသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့် က ဘီဘီစီ ကို ပြောပါတယ်။
ကုန်သည် တွေ လို အပ် သမျှ ဒေါ်လာ ငွေ တွေ ကို ဗဟို ဘဏ် ကနေ ထုတ်ရောင်း ပေး နေဖို့ အခက် အခဲ ရှိ တယ် လို့ အမျိုးသား စီမံကိန်း ဝန်ကြီး က အစည်းအဝေး မှာ ပြောခဲ့တယ် ဆိုပြီးတော့ လည်း အဲဒီ့ အစည်းအဝေး မှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဖက် အတွင်းရေးမှူး ကိုနေ လင်းဇင် က ဆိုပါတယ်။
ဒေါ်လာတွေ ဈေးကွက်ထဲ ပိုရောက်လာ နိုင်ရေး အမြန်ဆုံး လုပ်ဆောင် ကြဖို့ရာ သမ္မတ ရုံး ဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်း ခဲ့ပါတယ်။ စီမံကိန်း လုပ်ငန်း တွေ အတွက် ပြည်ပ နိုင်ငံ က ချေးငွေ တွေ ခွင့်ပြု ပေးထားတဲ့ နိုင်ငံခြား ဘဏ် တွေ အမြန်ဆုံး ဖွင့်လှစ်ဖို့ လည်း ဦးစိုးသိန်း က ပြောသွား ခဲ့ပါတယ်။
ဒါ့အပြင် CB ဘဏ် နဲ့ ကမ္ဘောဇဘဏ် တို့ က ပြည်ပမှာ ရှိတဲ့သူတို့ မိတ်ဆွေ ဘဏ်တွေ မှာ ထည့်ထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀ဝ ကျော်ထဲက တချို့ ကို ပြည်တွင်း ဈေးကွက်ထဲ ရောင်းချပေးမယ် လို့ ပြော ခဲ့ ပါတယ်။
မြန်မာ့ ရှေ့ဆောင်ဘဏ် က လည်း အခုလို ဒေါ်လာဈေး အကြပ်အတည်း မှာ အစိုးရ က ကြား ဝင် ဖြေရှင်း ပေးဖို့ နဲ့ ငွေကြေး မှောင်ခို ဈေးကွက် တွေ ကို ကိုင်တွယ် ပေး ဖို့လည်း အစိုးရ ကို တိုက် တွန်း ခဲ့ ပါတယ်။
အဲဒီ့ အရေး ပေါ် အစည်း အဝေး မှာ တိတိကျကျ ရလာဒ် တွေ မရ ခဲ့တဲ့ အတွက် နောက် တစ်ရက် ဇွန်လ ၁၃ ရက် နေ့ မှာ လည်း စီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ အစိုးရ တာဝန် ရှိသူတွေ ဟာ ရန်ကုန် မှာ ဆက်လက် ဆွေးနွေးသွား ဖို့ ရှိ ပါတယ်။
အခု လို အစည်းအဝေး ခေါ် ယူ နေ ချိန် မှာပဲ ဒေါ်လာဈေး ကတော့ သောကြာနေ့ မှာ တစ်ဒေါ်လာ ကို ၁၂၃၀ ကနေ ၁၂၀ဝ ဝန်းကျင် ထိ ဈေး အနည်းငယ် ကျလာ ခဲ့ ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment